0

WordPress Security ကောင်းအောင်ဘယ်လိုလုပ်မှာလည်း ?

Friday 30 August 2013
Share this Article on :

ကျွန်တော် အသိညီတစ်ယောက် သူက WP site တစ်ခုနဲ့ Run ထားတော့ အဟတ်မခံရအောင်ဘယ်လိုလုပ်မလဲမေးလို့ ကျွန်တော်လည်း Google ထဲကနေ ကောင်းနိုးရာရာ ရွေးပြီး ပြန်ရှယ်လိုက်ပါတယ်ခင်ဗျာ။ ပြောရရင် ကျွန်တော်က WP Site တွေမကိုင်ဖူးတော့ ဟတ်ဖို့နေသာသာ ရမ်းသမ်းပြီးဘာသာပြန်ထားခြင်းသာဖြစ်လို့ လိုအပ်တာများရှိရင် တတ်သိနားလည်သူများအနေနဲ့ နားလည်ပေးကြပါခင်ဗျာ။ :D

ကဲ ကျွန်တော်စရွီးပါတော့မယ်။ အောက်က Tips လေးတွေကဘာပြောပြောအထိုက်အလျောက် wp site ကိုအဟတ်ခံခြင်းမရှိအောင် ကူညီပေးလိမ့်မယ်လို့ မျော်လင့်ပါတယ်ဗျာ။


၁။ Default Password ကိုပြောင်းပစ်ပါ


ဒါကတော့ ပြောနေစရာမလိုဘူးထင်ပါတယ်။ WP ရဲ့ Default user က admin Password ကလည်း admin ဖြစ်ပါတယ်။ ဒါကိုတော့ မဖြစ်မနေပြောင်းပစ်ရပါမယ်။ ပြောင်းထားပြီးသားဖြစ်မှာပါ။ မပြောင်းရသေးရင် ပြောင်းလိုက်ပါ။


၂။ Login Limit ကို ကန့်သတ်လိုက်ပါ။


ကျွန်တော်တို့ WP မှာ admin login panel ကို မသာမာသူတွေက Brute Force Attack နဲ့ Login လုပ်ဖို့ကြိုးစားနိုင်ပါတယ်။ အဲဒါကို Default အနေနဲဆိုကန့်သတ်မထားပါဘူး။ အခေါက်ဘယ်လောက်ဆိုတာမကန့်သတ်ထားတော့ တစ်ကြိမ်မဟုတ်တစ်ကြိမ် ရသွားနိုင်တယ်။ အဲဒါကို ကန့်သတ်ပေးမှာပါ။ 3 ခါမှန်အောင်မရိုက်နိုင်ရင် Access မပေးတော့နဲ့ပေါ့။ ကောင်းပါပြီ အဲဒီအတွက်
Limit Login Attempts ဆိုတဲ့ plugin လေးကို WP အတွက် သွင်းထားလိုက်ပါ။





အဲဒီကနေ Go Install ကနေ Plugin လေးကိုသွင်းထားလိုက်ပါ။ :D







၃။ Regular Backup လုပ်ပါ။


ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆိုဒ်တစ်ခုတကယ်လို့ အဟတ်ခံရရင် backup file ကနေ Recovery ပြန်လုပ်နိုင်ဖို့ ပုံမှန် Backup လုပ်ပေးသင့်ပါတယ်။ တကယ်လို့အဆင်ပြေမယ်ဆိုရင်ပေါ့။ Backup အတွက် ဒီ တစ်ခုနဲ့စမ်းကြည့်ပါ။ ဒါမှမဟုတ် ဒီတစ်ခုပေါ့။


၎။ Better WP Security ကိုသွင်းထားပါ။


ဒီ Plugin ကိုသွင်းထားမယ်ဆိုရင် သင့် WP အတွက်အထိုက်အလျောက် Security ကိုလုံခြုံစေမှာပါ။ ဒီကောင်ရဲ့လုပ်ဆောင်ချက်တွေကတော့အများကြီးပါပဲ။



သူ့ရဲ့ Function အချို့ကိုပြရရင်
Remove the meta “Generator” tag
Change the urls for WordPress dashboard including login, admin, and more
Remove RSD header information
Rename “admin” account
Change the ID on the user with ID 1
Change the WordPress database table prefix
Change wp-content path
ဘာတွေမှန်းတော့ ကျွန်တော်လည်းသေချာမသိဘူး။ ဟီး Wordfence ဆိုတဲ့ Plugin လေးလည်းမဆိုးဘူးခင်ဗျ။ သူလည်း Function တော်တော်စုံတယ်။ စမ်းကြည့်ပေါ့ဗျာ။


၎။ WP Version ကိုအမြဲ Update ဖြစ်ပါစေ။




wp version ကိုအမြဲတမ်း update ဖြစ်အောင်လုပ်ထားပါ။ ဗားရှင်းနိမ့်တဲ့ဟာက Vul တွေများလွန်းပါတယ်။ Vul တွေရှိတော့ အဟတ်ခံရဖို့ ရာခိုင်နုန်းများတယ်လေ။ ဗားရှင်းအသစ်တွေကို WP ရဲ့ Official Site မှာသွားပြီး ယူနိုင်ပါတယ်။ ကဲ ကျွန်တော်ပို့စ်လေးကို အဆုံးသတ်ပါတော့မယ်။ wp site ကိုလုံခြုံစေဖို့ Google မှာရှာဖွေရင်အများကြီးပါပဲ။ အဲဒီထဲက ကိုယ်နဲ့အဆင်ပြေရာတွေကို လုပ်ထားမယ်ဆိုရင် အထိုက်အလျောက် လုံခြုံစေမှာပါ။ ဥပမာ နိုင်ငံနဲ့လိုက်ပြီး IP Ban တာတို့၊ admin login Panel ကို Directory ပြောင်းတာတို့၊ wpconfig.php မှာ admin access ကို မိမိ IP တစ်ခုတည်းကနေပဲခွင့်ပြုပြီးအခြား IP အားလုံးကို Deny လုပ်ထားတာတို့ .htaccess file တွေကို လုံခြုံစေတာတို့ဘာညာကွိကွပေါ့ဗျာ။

<Files wp-config.php>
order allow,deny
deny from all
</Files>

<Files .htaccess>
order allow,deny
deny from all
</Files>

ကျွန်တော်လည်း Google ကနေတွေ့ထားတာလေးကို ပြန်ရှယ်ရုံပါပဲ။ ပြောရရင် WP ကိုကောင်းကောင်းမကိုင်ဖူးတော့ လိုအပ်တာတွေရှိရင် နားလည်ပေးကြပါဗျာ။ သေချာတာကတော့ ဘယ်အရာမှ 100% secure ဖြစ်ဖို့ဆိုတာ ခက်ခဲမှာပါ။ :

From ,soesoediary.


Artikel Terkait:

0 comments:

Post a Comment